0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    The Guns of Navarone ( 1961 )

    The Guns of Navarone ( 1961 )

    ဒီတစ်​ခါ MMATV က တင်​ဆက်​​ပေးမှာက​တော့ Guns of Navarone ဆိုတဲ့ ကား​ဟောင်း​တစ်ကား​ပါ​ … 1961 က ရိုက်​ကူးခဲ့တဲ့ ဒီဇာတ်​ကားဟာ ​Gloden Globe Award ​ရွှေကမ္ဘာလုံးဆု​တွေ၊ Nominations ​တွေ ရရှိခဲ့ပြီး IMDB 7.6/10 , Rotten Tomatoes 95% အထိရရှိခဲ့တဲ့ ကား​ကောင်းတစ်​ကားပါ …

    ဇာတ်​​ဆောင်​​တွေအ​နေနဲ့ အဲ့ဒီ​ခေတ်​က ဒိတ်​ဒိတ်​ကြဲမင်းသား​တွေဖြစ်​တဲ့ Gregory Peck နဲ့ Anthony Quinn တို့က ပါဝင်​ထားတာပါ … Gregory Peck​ ကို​တော့ ကျွန်​​မတို့ မြန်​မာမင်းသမီးကြီး ဝင်းမင်းသန်းနဲ့ ရိုက်​ကူးခဲ့တဲ့ The Purple Plain ဇာတ်​ကားမှာ ​တွေ့ဖူးကြမှာပါ …

    ဇာတ်​လမ်းအကျဉ်းက​တော့ ဒုတိယကမ္ဘာစစ်​အတွင်း ဝင်​ရိုးတန်းအင်​အားစုအဖွဲ့ ( ဂျာမဏီ၊ အီတလီ၊ ရုရှား ) ဟာ သူတို့ဘက်​ကို တူရကီပါဝင်​လာ​အောင်​ ​ခြောက်​လှန့်​အင်​အားပြတဲ့အ​နေနဲ့ ဂရိနိုင်​ငံက Kheros ကျွန်းကို သိမ်းပိုက်​ပြဖို့ ပြင်​ဆင်နေခဲ့ပါတယ်​ … Kheros ကျွန်း​ပေါ်က မဟာမိတ်​တပ်​သား ၂ထောင်အဖို့​တော့ ရင်​​လေးစရာ​ပေါ့ … သူတို့ကို ကယ်​ဆယ်​ဖို့ ဗြိတိသျှ ​တော်​ဝင်​​ရေတပ်​ဟာ စစ်​သ​င်္ဘော​တွေ​စေလွှတ်​ပြီး ကယ်​ဆယ်​ခဲ့ပါတယ်​ …

    ဒါ​ပေမယ့်​ သူတို့ရဲ့အားထုတ်​မှုဟာ အချည်းနှီးဖြစ်​ခဲ့ရပါတယ်​ … ဘာလို့လဲဆို​တော့ Kheros ကျွန်းနားက Navarone ဆိုတဲ့ကျွန်း​ပေါ်မှာရှိတဲ့ ​ဂျာမန်​တို့ရဲ့​နောက်​ဆုံး​ပေါ် လက်​နက်​ကြီးနှစ်​လက်​​ကြောင့်​ပါပဲ … လာသမျှ မဟာမိတ်​သ​င်္ဘောမှန်​သမျှကို သမုဒ္ဒရာကြမ်းပြင်​​အောက်​ပို့​ပေးနိုင်​​လောက်​​အောက်​ တိကျတဲ့​ရေဒါစနစ်​သုံးထားတဲ့ ဒီလက်​နက်​ကြီး​တွေဟာ မဟာမိတ်​​တွေအတွက်​​တော့ အိပ်​မက်​ဆိုးပါပဲ …

    ဒီလက်​နက်​ကြီးနှစ်​လက်​ကို ဖျက်​ဆီးဖို့ကလဲ အင်​မတန်​ခက်​ခဲလှပါတယ်​ … ​ရေ​ကြောင်းက​နေ တိုက်​ခိုက်​ဖို့မဖြစ်​နိုင်​တဲ့အခါ ​လေ​ကြောင်းက​နေ ဗုံးကြဲဖို့ကြံရွယ်​ခဲ့​ပေမယ့်​ အစီအစဉ်​မ​အောင်​မြင်​ခဲ့ပါဘူး … ဒါ့​ကြောင့်​ ​နောက်​ဆုံးအ​နေနဲ့ ကွန်​မင်​ဒိုတစ်​စုကို လျှို့ဝှက်​​စေလွှတ်​ပြီး ​ဖျက်​ဆီး​စေခိုင်းပါ​တော့တယ်​ …

    ကွန်​မင်​ဒိုအဖွဲ့ကို​တော့ ဗိုလ်​မှူး Franklin ၊ ဗိုလ်​ကြီး Mallory ၊ ပျက်​သွားတဲ့ ဂရိတပ်​က ဒုဗိုလ်​မှူးကြီး Stavros ၊ ​ဖောက်​ခွဲ​ရေးပါရဂူ တပ်​ကြပ်​ ​Miller ၊ Navarone နယ်​ခံ ဂရိ-အ​မေရိကန်​ကပြား Pappdimos​ နဲ့ အင်​ဂျင်​နီယာ ဓား​မြှောင်​သမား Brown တို့နဲ့ ဖွဲ့စည်းထားတာပါ … လမ်းတစ်​​လျှောက်​ အခက်​အခဲ​ပေါင်းများစွာကို ဘယ်​လိုရင်​ဆိုင်​ပြီး လက်​နက်​ကြီး​တွေကို ဖျက်​ဆီးနိုင်​မလဲဆိုတာကို တင်​ဆက်​ထားတာပါ …

    ဒီကားဟာ ကျနော်တို့ အ​ဖေ​တွေ၊ အဖိုး​တွေ​ခေတ်​က နာမည်​ကြီးခဲ့တဲ့ ကား​ကောင်းတစ်​ကားပါ … CGI ​တွေမထွန်းကား​သေးတဲ့​ခေတ်​မှာ သူ့နည်းသူ့ဟန်​နဲ့ အ​ကောင်းဆုံးရိုက်​ပြနိုင်​ခဲ့တာပါ … ယ​နေ့​ခေတ်​ ရုပ်​ရှင်​​တွေနဲ့ အနည်းငယ်​ကွဲပြား​နေနိုင်​​ပေမယ့်​ Old but Gold ဆိုတဲ့အတိုင်း ​ရှေးဂန္တဝင်​လက်​ရာ​လေးကို ​​ခေတ်​လူငယ်​​တွေခံစားနိုင်​ဖို့ တင်​ဆက်​​ပေးလိုက်​ရပါတယ်​​နော်​ ….

     

     

    Translator : Mary James
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 1.2 GB

     

     

    Duration: 158 min

    Quality: Blu-ray 720p

    Release:

    IMDb: 7.6

    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )
    The Guns of Navarone ( 1961 )