
The Fiery Priest ( 2019 )
ဒီတစ်ခါမှာတော့ SBS ရုပ်သံကနေFebruary 15ရက်ကစပြီး အပတ်စဉ် သောကြာ စနေ ထုတ်လွှင့်နေတဲ့The Fiery Priest ဆိုတဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်
မင်းသားကိုကြိုက်တာနဲ့ကြည့်ကြည့်တော့ ဇာတ်လမ်းလေးလည်းကောင်းတာကြောင့် ဘယ်ကမှတင်တာမတွေ့တာနဲ့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
အဓိကသရုပ်ဆောင်တွေအနေနဲ့ Kim Nam Gil,Lee Ha Nee,Kim Sung Kyun နဲ့ Keum Sae Rok တို့ပါဝင်သရုပ်ဆောင်ထားပါတယ်
မတရားတာတွေ့ရင် ကိုယ်နဲ့မဆိုင်သလိုမနေနိုင်ဘဲ ဝင်ပါတတ်တဲ့ ဒေါသကြီးလွန်းတဲ့ဖာသာ ကင်ဟယ်အီ
အလုပ်ကြိုးစားပြီး တော်တဲ့ရည်မှန်းချက်ကြီးတဲ့ စုံစမ်းရေးမှူးမလေး ပတ်ဂျောင်ဆွန်း
လေကြီးပေမယ့် တကယ်တမ်းမှာကြောက်တတ်ပြီးတလွဲတွေလုပ်တတ်တဲ့ ရဲအရာရှိဂူဒယ်ယောင်း
အသစ်ပြောင်းရွှေ့လာတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ရဲမေလေးဆောဆွန်းအာ
သူတို့လေးယောက် ဖာသာကင်ရဲ့ဆရာဘုရားကျောင်းရဲ့သင်းအုပ်ဆရာကြီး အသတ်ခံရမှုကို
ဘယ်လိုဖော်ထုတ်မလဲ ဆိုတာစိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်
အရင်ကြည့်ဖူးနေကျဇာတ်လမ်းတွေထဲကလို အေးဆေးတည်ငြိမ်တဲ့ဖာသာမျိုးမဟုတ်ဘဲ ထစ်ခနဲရှိရိုက်မယ်နှက်မယ်ဆိုတဲ့ ဒေါသအိုးဖာသာကို version တစ်မျိုးနဲ့ကြည့်ရှူရမှာဖြစ်လို့ အားပေးကြည့်ရှူကြပါအုံးလို့
စုစုပေါင်း အပိုင်း ၄၀ပါဝင်မှာဖြစ်ပြီး My Dramalist 8.2/10,ထိရရှိထားပါတယ်
Translator: HMN,May Sit Min & Nan Thuzar
Encoder: Sandar Lwin & Min Theim Kyaw
MMATV မှတင်ဆက်သည်
Episode 1+2 : Openload Episode 1+2 : SolidDrive
Episode 3+4 : Openload Episode 3+4 : SolidDrive
Episode 5+6 : Openload Episode 5+6 : SolidDrive
Episode 7+8 : Openload Episode 7+8 : SolidDrive
Starring: Go Gyu-pil, Go Joon, Han Gi-joong, Jeon Seong-woo, Jeong In-gi, Jung Dong-Hwan, Keum Sae-rok, Kim Nam-gil, Kim Sung-kyun, Lee Ha-nee, Lee Mun-sik, Yoon Joo-hee,


