2
BoredFineGoodAmazingExcellent (1 votes, average: 2.00 out of 5)
Loading...
Kakegurui (2018)

Kakegurui (2018)

 

kake (賭ケ) ကတော့ ​gamble (လောင်းကစား)
gurui (グルイ) ကတော့ maniac (အရူး) လို့ အဓိပ္ပါယ်ရပါတယ်… မြန်မာလို ပြန်ရမယ်ဆိုရင် လောင်းကစား ကို စွဲလမ်းတဲ့ အရူး တွေပေါ့…

Manga နဲ့ Anime အပေါ် အခြေခံထားတဲ့ Live Action တစ်ခုပါ… Anime လည်း ထွက်ရှိထားပါတယ် … လုံးဝကိုလဲ mind blowing ဖြစ်ခဲ့ရတဲ့ JDrama တစ်ခုပါ..

လူတိုင်းအသိမှားနေကြတဲ့အရာတစ်ခုရှိပါတယ် … အဲဒါကတော့ 2019 မှာထွက်ထားတဲ့ movie တစ်ခုတည်းကိုသာ ကြည့်ပြီး character တွေက မပေါ်လွင်ဘူး ဇာတ်ကားက အစမရှိ,အဆုံးမရှိကြီးဆိုပြီး အပြစ်တင်ကြတာပါ … မြန်မာစာတန်းထိုး website တွေကလည်း သိပုံမပေါ်ပါဘူး movie တစ်မျိုးတည်းကိုသာ တင်ထားကြပါတယ် … တကယ်က movie ကို ကြည့်ဖို့ရာ ရှေ့က Drama အဖြစ် ထွက်ရှိထားတဲ့ Season 2 ခုကို ကြည့်ဖို့ လိုအပ်ပါတယ် … တစ်ဆက်တည်း ချိတ်ဆက်ထားတာပါ … MMATV မှာတော့ Season 1 ကနေပြီးတော့ နောက်ဆုံးထွက်ထားတဲ့ movie အထိ တင်သွားပေးပါ့မယ် … ကဲ, ဇာတ်လမ်းအကြောင်းလေးကို ပြန်သွားလိုက်ကြရအောင် …


ဇာတ်လမ်းအမျိုးအစားကတော့ Drama, Game, Mystery, Psycho နဲ့ Shōnen အမျိုးအစားဖြစ်ပါတယ်… Shōnen ဆိုတာကတော့ ဆယ်ကျော်သက် လူငယ်ယောက်ျားလေးတွေကို target ထားတဲ့ အမျိုးအစားတစ်ခုပါ…

Hyakkaou ဆိုတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ဂျပန်နိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေ လုံးဝကို ဒိတ်ဒိတ်ကြဲ ချမ်းသာပြီး ပိုက်ဆံရှိတဲ့သူတွေပဲ တက်တဲ့ ကျောင်းတစ်ကျောင်းပါ… အပေါ်ယံကြည့်ရင်တော့ တစ်ခြား ကိုယ်ပိုင်ကျောင်းတွေနဲ့ ထူးမခြားဆိုပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်…

ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီရဲ့ အဆင့်သတ်မှတ်ချက်ကို စာမေးပွဲအဆင့်ရလဒ်တွေ အားကစားမှာ ပါဝင်နိုင်မှုတွေနဲ့ မတိုင်းတာပဲ လောင်းကစား လုပ်ခြင်းနှင့်သာ တိုင်းတာပါတယ်… Hyakkaou မှာ ကျောင်းတက်မယ့် သူအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပြောပါဆိုရင် လောင်းကစား စွမ်းရည်ပါ… ဒါ့အပြင် ကျောင်းကို ကျောင်းသားကောင်စီအဖွဲ့က အုပ်ချုပ်ပြီး လောင်းကစား activity တိုင်းကို သူတို့က ကွပ်ကဲပါတယ်…

လောင်းကစားပွဲတိုင်းဟာ ဂျပန်ယန်း ကို million နဲ့ ချီပြီး ကြေးထပ်ကြတဲ့ ပွဲတွေပါ… ကျောင်းမှာ စည်းကမ်းတစ်ခုရှိတယ်… အဲဒါကတော့ လောင်းကစားလုပ်ရာမှာ ရှုံးနိမ့်ပြီး ပိုက်ဆံကို ပြန်မဆပ်နိုင်ဘူးဆိုရင်တော့ အနိုင်ရသူထံမှာ ပြန်လည်ခစားရပြီး အိမ်မွေးတိရစ္ဆာန်အဖြစ်နေရကာ တစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်သမျှကိုလည်း complain မတက်ပဲ နေရတာပါ … ဒါ့ကြောင့်မို့ လောင်းကစားအရာမှာ ကျွမ်းကျင်သူကတော့ Hyakkaou ကျောင်းမှာ ဘုရင်တစ်ဆူပါပဲ …


လက်ရှိမှာ Meari Saotome လို့ ခေါ်တဲ့ ကျောင်းသူလေးက သာမန်ကျောင်းသားကျောင်းသူတွေ အားလုံးကို အနိုင်ပိုင်းထားနိုင်တဲ့ ကောင်မလေးပေါ့… ဒါပေမဲ့ တစ်နေ့မှာတော့ Jabami Yumeko လို့ ခေါ်တဲ့ ထူးဆန်းတဲ့ ကျောင်းသူလေးတစ်ဦး ရောက်ရှိလာခဲ့တယ်… သူရဲ့ရောက်ရှိလာမှုက လက်ရှိ သခင်မလေး Saotome ကို နေရာပျောက်စေခဲ့ပြီး ကျောင်းသားကောင်စီအဖွဲ့ကိုပါ ဘယ်လိုမျိုး ခြိမ်းခြောက်စိန်ခေါ်မှုတွေ ဖြစ်လာမယ် ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…

အပိုင်းတိုင်းက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး ဇာတ်ကောင်တိုင်းရဲ့ လောင်းကစားအပေါ် ရူးသွပ်မှုတွေ, အံ့ဩစရာ ကောင်းလွန်းလှတဲ့ သူတို့ရဲ့ ကိုယ်ပိုင် လှည့်ကွက်တွေကို မြင်ရမှာပဲ ဖြစ်ပါတယ်…

 

 

Translator: Ziven
Encoder: Ziven
Quality: WEB-DL 1080p
File Size: 550 MB

 

 

 

Episode (1)

Mega Up (545 MB)     Solid Drive (545 MB)

 

Episode (2)

Mega Up (545 MB)     Solid Drive (545 MB)

 

Episode (3)

Mega Up (542 MB)     Solid Drive (542 MB)

 

Episode (4)

Mega Up (545 MB)     Solid Drive (545 MB)

 

Episode (5)

Mega Up (543 MB)     Solid Drive (543 MB)

 

Episode (6)

Mega Up (544 MB)     Solid Drive (544 MB)

 

Episode (7)

Mega Up (542 MB)     Solid Drive (542 MB)

 

Episode (8)

Mega Up (526 MB)     Solid Drive (526 MB)

 

Episode (9)

Mega Up (539 MB)     Solid Drive (539 MB)

 

Episode (10)

Mega Up (539 MB)     Solid Drive (545 MB)

 

 

= = = = = SEASON 1 THE END = = = = =

 

 

 

Views: 3473

Genre: DramaMystery

Studio:

TV Status: Ended

Duration: 45 min

Release:

TMDb: 6.8

Country:

Networks:

Kakegurui (2018)
Kakegurui (2018)
Kakegurui (2018)
Kakegurui (2018)