
Fist & Furious ( 2019 )
အရင်ကအရမ်းတော်တဲ့စုံထောက်ဖြစ်ခဲ့ပေမယ့် မှူးယစ်ဆေးကြောင့် အကြွေးတွေပုံထပ်ကာ ရေစုန်မျောနေတဲ့ စုံထောက်ခန်ကင်မန်၊
လူဆိုးတွေလက်ထဲကနေ စုံထောက်ခန်ကင်မန်ကယ်ခဲ့ဖူးပြီး နောက်တော့ဘောလုံးကို စွန့်ပစ်ကာ ရဲထဲဝင်ခဲ့တဲ့ ယွန်ဂျယ်ဟို၊
အသစ်ရောက်လာတဲ့ယွန်ဂျယ်ဟို နဲ့ ခန်ကင်မန် တို့နှစ်ယောက် ပါတနာတွေဖြစ်ခဲ့ကြရာ … ယွန်ဂျယ်ဟိုရဲ့ စုံထောက်ဖြစ်တဲ့ပထမဦးဆုံးညမှာတင်
ခန်ကင်မန် ကို လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ရန်မှကယ်ရင်းနဲ့ ယွန်ဂျယ်ဟိုအသတ်ခံလိုက်ရတယ် .. ခန်ကင်မန်ကတော့ ခေါင်းကို ဓားမြောင်တစ်ချောင်း အထိုးခံလိုက်ရပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ် …
ဒါပေမယ့် တကယ်တမ်းသတင်းထွက်လာတော့ ” ယွန်ဂျယ်ဟို က မှုးယစ်ဂိုဏ်အဖွဲ့ခေါင်းဆောင် ဂျောင်ထယ်ဝါနဲ့ ပူးပေါင်းနေတာဖြစ်ပြီး၊ ဂျောင်ထယ်ဝါရဲ့ ဆေးကိုလုဖို့ကြိုးစားတာကြောင့် အသတ်ခံလိုက်ရခြင်း ” ဖြစ်တယ်ဆိုပြီး သတင်းအမှားထွက်ရှိခဲ့တယ် …
လူဆိုးတွေဆီက ငွေတွေယူထားတဲ့ ခန်ကင်မန် က သူ့ကိုဓားနဲ့ထိုးခဲ့တာ ယွန်ဂျယ်ဟို ဖြစ်တယ်ဆိုပြီး လိမ်လည်လိုက်တယ် … အဖြစ်မှန်ပေါ်အောင် ဘယ်လို ပြန်ဖော်ထုတ်ကြမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုခံစားလိုက်ပါနော် …
အက်ရှင်ကြိုက်သူများအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသား Jung Doo-hong ရဲ့ fight scene တွေကိုလဲ တဝကြီးကြည့်ရမှာဖြစ်ပါတယ် …
Jung Doo-hong က Martial Arts Director တစ်ဦးပါ … နောက်ပြီး အက်ရှင်ကားကောင်းတွေမှာပါဝင်ဖူးတဲ့ မင်းသား Ryu Deok-hwan လည်းပါဝင်ထားပါသေးတယ် …
( သွေးထွက်သံယိုနဲ့. ဆဲဆိုတဲ့စကားလုံးတွေ အများကြီးပါပါတယ် )
Rating အရ MyDramaList မှာတော့ rating 7.5/10 အထိ ရရှိထားပါတယ် …
Translator : Sa Htut Myat
Encoder : Ziven
Quality : WEB-DL 1080p
File Size : 1.6 GB



