
Detective K : Secret of the Lost Island ( 2015 )
Detective K: Secret of the Lost Island
#unicode
Detective K: Secret of the Lost Island ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး
Box Office မှာ USD ၂၇.၈ သန်း အထိဝင်ငွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ
ဂျိုဆွန်းခေတ်ကို အခြေတည်ထားပြီး
ဂျပန်နဲ့ကုန်သွယ်မှုလုပ်ငန်းတွေကနေ
တရားမဝင် ငွေတုထုတ်လုပ်တာကိုဖော်ထုတ်တဲ့ဇာတ်ကားပါ
ဉာဏ်ကောင်းပြီး ရိုးသားဖြောင့်မတ်တဲ့ လူကြီးမင်း ကင်မင်အဖြစ်
သရုပ်ဆောင် ကင်မြောင်မင်
ကင်မင်ရဲ့ နောက်လိုက်ဆောပေအဖြစ် သရုပ်ဆောင် အိုဒယ်ဆိုး
ဂျိုဆွန်းမှာ မွေးဖွားခဲ့ပေမယ့် ဂျပန်ကိုလူကုန်ကူးခံလိုက်ရတဲ့ ဟွာယောင်း
(ဂျပန်အမည် – ဟီဆာကို) အဖြစ် မင်းသမီးလီယွန်ဟီး တို့က
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်
မင်းကြီးရဲ့အမျက်တော်ရှခံရပြီး နယ်နှင်ဒါဏ်ပေးခံထားရတဲ့
လူကြီးမင်းကင်မင်က ကျွန်းလေးတစ်ခုပေါ်မှာ တစ်ယောက်တည်းနေထိုင်ပါတယ်
တစ်နေ့မှာတော့ လူကြီးမင်ကင်မင်ဆီကို
ဒါဟဲဆိုတဲ့ ကလေးမလေးတစ်ယောက်ရောက်လာပြီး ပျောက်ဆုံးသွားတဲ့သူမရဲ့ ညီမလေးကို
ကူရှာပေးဖို့ တောင်းဆိုရာကနေ
ကင်မင်တစ်ယောက် ငွေတုလုပ်ငန်း အရှုပ်တော်ပုံကြီးကို ဖော်ထုတ်ဖို့
အကြောင်းဖန်လာတဲ့အခါ
မမျှော်လင့်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့
ဟီဆာကို ဆိုတဲ့မိန်းကလေးကို တွေ့ဆုံရတဲ့အခါ
ငွေတုလုပ်ငန်းက ဂျိုဆွန်းမြေပေါ်မှာမဟုတ်ပဲ နဂါးဘုရင်ကျွန်းလို့ခေါ်တဲ့
ပုံပြင်ဆန်ဆန်ကျွန်းပေါ်မှာ အခြေချလုပ်ကိုင်နေတာကို သိလိုက်ရပြီး
ကင်မင်ရဲ့ ဆိုးတူကောင်းဖက် ဆောပေရဲ့ ပံ့ပိုးမှုတွေနဲ့အတူ
ငွေတုလုပ်ငန်းအရှုပ်တော်ပုံကြီးကိုဖော်ထုတ်နိုင်မှာလား
အကူညီတောင်းထားတဲ့ ဒါဟဲရဲ့ ညီမလေးကိုရော ပြန်ရှာတွေ့မှာလား
ဇာတ်လမ်းဇာတ်ကွက်တွေက အချိုးအကွေ့လေးတွေနဲ့
ဟာသနှောပြီး ရိုက်ကူးထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့
စုံထောက်ဇာတ်လမ်းလေးကို ကြည့်ရှုချင်ရင်တော့
ဒီဇာတ်ကားလေးက လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါလို့ညွှန်းလိုက်ပါရစေ
#zawgyi
Detective K: Secret of the Lost Island
ဆိုတဲ့ဇာတ္ကားေလးကေတာ့ ၂၀၁၅ ခုနွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး
Box Office မွာ USD ၂၇.၈ သန္း အထိ၀င္ေငြရရွိခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကားပါ
ဂ်ိဳဆြန္းေခတ္ကို အေျခတည္ထားၿပီး
ဂ်ပန္နဲ႔ကုန္သြယ္မႈလုပ္ငန္းေတြကေန
တရားမ၀င္ ေငြတုထုတ္လုပ္တာကိုေဖာ္ထုတ္တဲ့ဇာတ္ကားပါ
ဥာဏ္ေကာင္းၿပီး ရိုးသားေျဖာင့္မတ္တဲ့ လူႀကီးမင္း ကင္မင္အျဖစ္
သရုပ္ေဆာင္ ကင္ေျမာင္မင္
ကင္မင္ရဲ႕ ေနာက္လိုက္ေဆာေပအျဖစ္ သရုပ္ေဆာင္ အိုဒယ္ဆုိး
ဂ်ိဳဆြန္းမွာ ေမြးဖြားခဲ့ေပမယ့္ ဂ်ပန္ကိုလူကုန္ကူးခံလိုက္ရတဲ့ ဟြာေယာင္း
(ဂ်ပန္အမည္ – ဟီဆာကို) အျဖစ္ မင္းသမီးလီယြန္ဟီး တို႔က
အဓိက ပါ၀င္သရုပ္ေဆာင္ထားပါတယ္
မင္းႀကီးရဲ႕အမ်က္ေတာ္ရွခံရၿပီး နယ္ႏွင္ဒါဏ္ေပးခံထားရတဲ့
လူႀကီးမင္းကင္မင္က ကၽြန္းေလးတစ္ခုေပၚမွာ တစ္ေယာက္တည္းေနထိုင္ပါတယ္
တစ္ေန႔မွာေတာ့ လူႀကီးမင္ကင္မင္ဆီကို
ဒါဟဲဆိုတဲ့ ကေလးမေလးတစ္ေယာက္ေရာက္လာၿပီး ေပ်ာက္ဆံုးသြားတဲ့သူမရဲ႕ ညီမေလးကို
ကူရွာေပးဖို႔ ေတာင္းဆိုရာကေန
ကင္မင္တစ္ေယာက္ ေငြတုလုပ္ငန္း အရွဳပ္ေတာ္ပံုႀကီးကို ေဖာ္ထုတ္ဖို႔
အေၾကာင္းဖန္လာတဲ့အခါ
မေမွ်ာ္လင့္ထားတဲ့ ဇာတ္လမ္းအခ်ိဳးအေကြ႔ေတြနဲ႔
ဟီဆာကို ဆိုတဲ့မိန္းကေလးကို ေတြ႔ဆံုရတဲ့အခါ
ေငြတုလုပ္ငန္းက ဂ်ိဳဆြန္းေျမေပၚမွာမဟုတ္ပဲ နဂါးဘုရင္ကၽြန္းလို႔ေခၚတဲ့
ပံုျပင္ဆန္ဆန္ကၽြန္းေပၚမွာ အေျခခ်လုပ္ကိုင္ေနတာကို သိလိုက္ရၿပီး
ကင္မင္ရဲ႕ ဆိုးတူေကာင္းဖက္ ေဆာေပရဲ႕ ပံ့ပိုးမႈေတြနဲ႔အတူ
ေငြတုလုပ္ငန္းအရွဳပ္ေတာ္ပံုႀကီးကိုေဖာ္ထုတ္ႏိုင္မွာလား
အကူညီေတာင္းထားတဲ့ ဒါဟဲရဲ႕ ညီမေလးကိုေရာ ျပန္ရွာေတြ႔မွာလား
ဇာတ္လမ္းဇာတ္ကြက္ေတြက အခ်ိဳးအေကြ႔ေလးေတြနဲ႔
ဟာသေႏွာၿပီး ရိုက္ကူးထားတာမို႔ ေပါ့ေပါ့ပါးပါးနဲ႔
စံုေထာက္ဇာတ္လမ္းေလးကို ၾကည့္ရွဳခ်င္ရင္ေတာ့
ဒီဇာတ္ကားေလးက လက္လႊတ္မခံသင့္တဲ့ ဇာတ္ကားေလးပါလို႔ညႊန္းလိုက္ပါရေစ
Translator : Kathari Aung
Encoder : Min Theim Kyaw
Quality : BluRay 1080p
File Size : 1.2 GB
Views: 2622
Genre: Action, Action & Adventure, Adventure, Comedy
Director: Suk-Yoon Kim
Actors: Hwang Chae-won, Hwang Jeong-min, Jung Won-joong, Kim Myung-min, Lee Yeon-hee, Oh Dal-su
Country: South Korea
