0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    Big Fish & Begonia ( 2016 )

    Big Fish & Begonia ( 2016 )

    2016 ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ တရုတ် animation film လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ … ပထမဆုံး ပြောချင်တာကတော့ Animation မို့လို့ ကာတွန်းကြီး မို့လို့ ခံစားလို့ရမှာ မဟုတ်ဘူးဆိုတဲ့ လူတွေအနေနဲ့ try ကြည့် သင့်ပါတယ် … Animation ပရိသတ်တွေအနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ … ဇာတ်လမ်း နဲ့ ဒိုင်ယာလောခ့်တချို့ဟာ ဘာသာပြန်သူတော့ ဘယ်လိုနေလဲမသိပေမဲ့ Encode ဖို့ စာစစ်သူကိုတော့ ရင်ထဲအတော် ထိသွားစေခဲ့ပါတယ် ( ဓာတ်ခံလေးလဲ ရှိတာကိုလို့  )

    Chinese Animated Fantasy Film ဖြစ်ပြီး Liang Xuan နဲ့ Zhang Chun တို့ကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေး , ရိုက်ကူးပြီး produce လုပ်ခဲ့တာပါ … B&T Studio မှ ပထမဆုံး ရိုက်ကူးတဲ့ Animated Film တစ်ခုလဲ ဟုတ်ပါတယ် … ကြာမြင့်ချိန် 105 မိနစ်ရှိပြီး Budget ပေါင်း တရုတ်ယွမ် သန်း ၃၀ အကုန်ကျခံကာ သုံးစွဲခဲ့ပါတယ် … Box Office မှာ ယွမ် ၅၆၅ သန်း ကျော် အမြတ်ငွေ ပြန်လည် ရရှိခဲ့ပါတယ် …

    ဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးရမယ်ဆိုရင် –

    ဟိုးး လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသန်းခွဲတုန်းက ကမ္ဘာပေါ်မှာ ရေနဲ့ငါးကြီး တွေကလွဲပြီး ဘာမှမရှိခဲ့ပါဘူး … လူသားတွေဟာ ငါးတွေကနေ ဆင်းသက်လာကြတာပါ … ငါးတွေဟာ လူသားတွေရဲ့ ဝိဉာဉ်လဲ ဖြစ်ပါတယ် … လူသားတွေ သေဆုံးပြီးတဲ့အခါ ငါးတွေအဖြစ် ပြောင်းလဲသွားကြပါတယ် … ထိုခေတ်ကာလမှာပဲ ဝိဉာဉ် နဲ့ သဘာဝတရားကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ လူသားမဟုတ် နတ်ဘုရားမဟုတ်တဲ့ မှော်အစွမ်းတွေကို ပိုင်ဆိုင်တဲ့ သူတွေရှိခဲ့ကြပါတယ် …

    အသက် ၁၆ နှစ်ပြည့်တဲ့ ကလေးငယ်တိုင်း လူသား ကမ္ဘာကို ၇ ရက် သွားလည်ကြရတယ် … သဘာဝတရားကြီး တစ်ချို့ကို လေ့လာဖို့ပေါ့ … အဲ့ထဲမှာမှ ချွမ် လို့ အမည်ရတဲ့ ၁၆ နှစ်အရွယ် ကောင်မလေးလဲ တစ်ယောက်အပါအဝင်ပေါ့ … ချွမ် မှာ အစ်ကိုလို ခင်ရတဲ့ ခြူ ဆိုတဲ့ ကောင်လေးတစ်ယောက်လဲ ရှိပါတယ် … ခြူ က ချွမ်ကို တစ်ဖက်သတ် ကြိတ်ပြီး ချစ်နေရသးပေါ့ … လူသားကမ္ဘာကို ရောက်တဲ့အခါ လူတွေနဲ့အဝေးဆုံးမှာနေဖို့က သူတို့အတွက် ကောင်းကင်ဘုံက ချမှတ်ပေးထားတဲ့ စည်းမျဉ်းတစ်ခုပေါ့ …

    ချွမ် အသက် ၁၆ နှစ်ပြည့်တဲ့အချိန်မှာ လင်းပိုင်အနီလေးအဖြစ်ပြောင်းပြီး လူသားကမ္ဘာကို သွားလည်ခွင့်ရခဲ့တယ် … လူသားကမ္ဘာမှာ လင်းပိုင်နီ ဘဝအဖြစ် လျှောက်သွားရင်း နဖူးမှာအနီအမှတ်အသားပါတဲ့ လူသားကောင်လေးနဲ့ တွေ့ဆုံဖြစ်ခဲ့တယ် … တစ်ရက် အဲ့ကောင်လေး တို့ နေထိုင်တဲ့ အနားမှာ ရေဝဲ တစ်ခုဖြစ်ပြီး ချွမ် ဆိုတဲ့ လင်းပိုင်နီမလေးဟာ လူတို့ထောင်ထားတဲ့ ကျော့ကွင်းမှာ ရုန်းမရနိုင်ပဲ မိနေပါတယ် … ဒါကို စိတ်ကောင်းရှိပြီး ငါးတွေကို ချစ်တတ်တဲ့ ကောင်လေးက မြင်တော့ … ချွမ် ကို သွားကယ်ဖို့ ကြိုးစားရင်း ရေဝဲထဲမှာ နစ်မြုပ်ရင်း ဆုံးပါးသွားခဲ့ပါတယ် …

    ၇ ရက်ပြည့်လို့ မိမိနေထိုင်တဲ့နေရာသို့ ပြန်ရောက်လာတဲ့အခါ ထိုကောင်လေး သေဆုံးရတာ မိမိကြောင့်ဆိုပြီး ချွမ် တစ်ယောက် စိတ်ထဲ စွဲနေပါတယ် … အဲ့လိုနဲ့ ကောင်လေးကို အသက်ပြန်သွင်းဖို့ ကြိုးစားရင်း ကောင်းကင်ကချမှတ်ထားတဲ့ စည်းကမ်းနဲ့ မညီတဲ့ ချွမ်ရဲ့ သက်တမ်းတစ်ဝက်နဲ့ ဝိဉာဉ်ထိန်းသူဆီမှာ အလဲအထပ် လုပ်ခဲ့ပါတယ် …

    ထိုအကြောင်းကို ချွမ် ကို တစ်ဖက်သတ်ချစ်နေရတဲ့ ခြူ တစ်ယောက် သိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ Big Fish and Begonia ဆိုတဲ့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် …

    Rating အရ ကြည့်မယ်ဆို IMDb မှာ 7.2/10 , Rotten Tomatoes မှာ 90% နှင့် Metacritic မှာ 72% အသီးသီး ရရှိထားပါတယ် …

     

     

    Translator : Par Tha
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 846 MB

     

     

    Duration: 1h 40min

    Quality: Blu-ray 720p

    Release:

    IMDb: 7.2

    Big Fish & Begonia ( 2016 )
    Big Fish & Begonia ( 2016 )
    Big Fish & Begonia ( 2016 )