0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    The Chronicles of Narnia: Prince Caspian ( 2008 )

    The Chronicles of Narnia: Prince Caspian ( 2008 )

    Narnia ဆိုတဲ့ ထူးခြားဆန်းကြယ်တဲ့ မှော်ကမ္ဘာလေးမှ ကြိုဆိုလိုက်ပါတယ်… Narnia ဇာတ်ကားတွေနဲ့အတူ ငယ်ဘဝက အမှတ်တရ ပုံရိပ်တွေဆီကို တခေါက်လောက် အလည်ပြန်သွားကြလိုက်ရအောင်…

    Narnia ဇာတ်ကားများဟာ ကမ္ဘာကျော် British စာရေးဆရာကြီး C.S. Lewis ရေးသားခဲ့တဲ့ စိတ်ကူးယဉ်စာပေအမျိုးအစားတစ်ခုဖြစ်ပါတယ်… စာအုပ်အနေနဲ့ စုစုပေါင်း ၇ အုပ် ထွက်ရှိထားပြီးတော့ ရုပ်ရှင်အနေနဲ့ကတော့ ၃ ကား ထွက်ရှိထားပါတယ်… Narnia စာအုပ်များဟာ နာမည်ကြီး The Lord of the Rings စာအုပ်များနှင့်အတူ ခေတ်ပြိုင် ကျော်ကြားခဲ့ပါသေးတယ်…

    ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ The Chronicles of Narnia ဇာတ်ကားတွေထဲမှ 2008 ခုနှစ်မှာ ဒုတိယမြောက် ထွက်ရှိခဲ့တဲ့ Prince Caspian လို့ အမည်ရတဲ့ ဇာတ်ကားလေးပါ…

    ဇာတ်လမ်းအကျဉ်းလေးမှာတော့ – King Peter, King Edmund နဲ့ Queen Susan, Queen Lucy တို့ မောင်နှမ လေးယောက်ဟာ England ကို ပြန်ရောက်တာ တစ်နှစ်ပြည့်ခါနီးနေပါပြီ… သူတို့ Narnia နဲ့ ပတ်သတ်ပြီး အောက်မေ့သတိရမှုတွေရှိပေမဲ့လို့ Narnia ဆီကို ပြန်သွားဖို့အတွက် လမ်းမမြင်ခဲ့ပါဘူး… ဒီလိုနဲ့ သူတို့ England မှာပဲ အသားကျခါနီးဖြစ်နေတဲ့ အခါသမယမှာ မမျှော်လင့်ပဲ Narnia ဆီသို့ ပြန်ရောက်သွားခဲ့ပါတယ်…

    ဒါပေမဲ့ သူတို့ စွန့်ခွာလာခဲ့တဲ့ တစ်နှစ်မပြည့်တပြည့်ဆိုပေမဲ့ အချိန်စက်ဝန်းအရ Narnia မှာတော့ နှစ်ပေါင်း ၁၃၀၀ နီးပါး ကြာခဲ့ပြီး ဖြစ်ပါတယ်… သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ Mr. Tumnus တို့ Beavers တို့လဲ မရှိကြတော့ပါဘူး… ဒါ့အပြင် Narnia ဟာ ဘုရင်တွေနဲ့ Aslan မရှိခိုက် Telmarine လို့ ခေါ်တဲ့ ကျူးကျော်သူ လူသားတွေက Narnia ကို အုပ်စိုးခြင်းကို ခံထားရပါတယ်…

    Narnia ကို လက်ရှိ အုပ်ချုပ်နေဆဲ ဘုရင်မျိုးဆက်ဖြစ်တဲ့ ကိုးဆက်မြောက် Caspian သေဆုံးသွားချိန် ညီဖြစ်သူ Miraz က ထီးနန်းကို သိမ်းယူထားပြီး… ဆယ်ဆက်မြောက်ဖြစ်တဲ့ မင်းသား Caspian ကို လုပ်ကြံဖို့ ကြိုးစားလာပါတယ်…

    ဒီလိုနဲ့ မင်းသားလေးဟာ ဦးလေးဖြစ်တဲ့ Miraz ရဲ့ လက်ထဲမှ ထွက်ပြေးရင်း Susan ရဲ့ horn ( ဦးချိုခရာ ) ကို မှုတ်မိရင်း Peter, Susan, Edmund နှင့် Lucy တို့ကို ပြန်ခေါ်သလို ဖြစ်မိသွားပါတယ်…

    အဲ့နောက်မှာတော့ Peter တို့ မောင်နှမလေးယောက် နှင့်အတူ Caspian နှင့်တကွ Narnia သားတို့ အတူ ပူးပေါင်းပြီး Miraz ကို တိုက်ခိုက်ကာ မင်းသား Caspian အတွက် ထီးနန်းပြန်သိမ်းယူကြပုံကို အမိုက်စား အပျံစား ရိုက်ကွက်တွေနဲ့အတူ အလန်းစား အပြင်အဆင်တွေနှင့် ကြက်သီးထလောက်အောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်…

    ပထမတခေါက်မှာတော့ ဗီရိုလေးထဲကနေ Narnia ဆီသို့ ရောက်ရှိသွားကြပေမဲ့ ယခု ဒုတိယအခေါက်မှာတော့ ဘယ်လိုဘယ်ပုံ ရောက်သွားကြမယ်ဆိုတာ ကြည့်ရှုလိုက်ကြရအောင်နော်…

    Translator : Ziven
    Encoder : Ziven
    Quality : Blu-ray 1080p
    File Size : 2.75 GB / 1.37 GB

    Duration: 2h 30min

    Quality: Blu-ray 1080p 5.1 CH

    Release:

    IMDb: 6.5