0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    Student A ( 2018 )

    Student A ( 2018 )

    ဒီဇာတ်ကားလေးကတော့ Drama ကြိုက်သူတွေအတွက် ကြည့်သင့်ပါတယ် … ဒါ့အပြင် ဆယ်ကျော်သက် မိန်းမပျိုလေးတို့ရဲ့ အသဲစွဲ KPop Boy Group တစ်ခုဖြစ်တဲ့ Exo အဖွဲ့ရဲ့ Leader Kim Jun-myeon ( Suho ) ပါဝင်ထားပါသေးတယ် …

    အလယ်တန်းကျောင်းသူလေး မီရဲ ဟာ ပုံပြင်တွေ ရေးတဲ့နေရာမှ သိပ်တော်ပါတယ် … စာအုပ်လေးတကိုင်ကိုင်နဲ့ စာရေးနေသူပါ … သူဟာ ကျောင်းမှာ အနိုင်ကျင့်ခံရသူ တစ်ယောက်ပေါ့ … ကျောင်းမှာ အနိုင်ကျင့်ခံရလို့ အိမ်မှာ သာယာမယ် မထင်ပါနဲ့ အဖေရိုက်နှက်တာကို ခံရပါတယ် … ကွန်ပြူတာ အဟောင်းကြီးတစ်လုံးနဲ့ ဂိမ်းဆော့ရတာကတော့ သူ့ရဲ့ စိတ်ထွက်ပေါက်တစ်ခုပေါ့ …

    ဂိမ်းထဲမှာ သူငယ်ချင်းတွေနဲ့ စကားပြောရတာကို သူသိပ်ပျော်တယ်လေ … အဲ့သူငယ်ချင်းတွေထဲမှာမှ သူက ဟီနာ ဆိုတဲ့ တစ်ယောက်ကို အခင်ဆုံးပေါ့လေ … ဒါပေမဲ့ သူ့ဆောနေတဲ့ ဂိမ်းဟာလည်း အဟောင်းကိုရပ်ပစ်ပြီး အသစ်ထပ်ထွက်တော့မယ်ဆိုတာကြားရတော့ … သူ့ သူငယ်ချင်း ဟီနာ နဲ့ ဝေးရပါတယ် …

    ကျောင်းမှာ သူကြိတ်ကြိုက်နေတဲ့ ကောင်လေးကလည်း
    တစ်ခြား ကောင်မလေးကို သဘောကျနေတာကိုလည်း မီရဲ သိလိုက်ရတယ်လေ …

    အဲ့တော့ ပျော်စရာမရှိတဲ့ မီရဲ ရဲ့ဘဝမှာ စိတ်ပျက်စရာတွေပဲ ပြည့်နေလို့ သတ်သေဖို့ ဆုံးဖြတ်လိုက်ပါတယ် … ဒါပေမဲ့ သူမသေခင်မှာ ဟီနာကို အပြင်မှာအရင်သွားတွေ့မယ် ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ ….

    ဇာတ်ကားလေးက အေးအေးလေးပါ …ဒါပေမဲ့ ဆွဲဆောင်မှု့ရှိပါတယ် … သူငယ်ချင်း အချင်းချင်း ထားသင့်တဲ့ စိတ်ဓာတ်တွေ အချင်းချင်း မနာလို အနိုင်ကျင့်တာတွေကို မလုပ်သင့်ဘူးဆိုတာတွေကို လည်း ရိုက်ပြထားပါတယ် …

    နောက်တစ်ခုကတော့ လောကကြီးမှာ ကိုယ်အသက်ရှင်နေတုန်း လုပ်ချင်တာတွေ အကုန်လုပ်သွားပါဆိုပြီး ပြောပြထားပါတယ် …

    Rating အရ IMDb မှာ 7.4/10 ရရှိထားပါတယ် …

     

     

    Translator : PDoubleST
    Encoder : Ziven
    Quality : 720p HDRip
    File Size : 918 MB

     

     

    Duration: 1h 54min

    Quality: HDRip 720p

    Release:

    IMDb: 7.4

    Student A ( 2018 )