6.67
BoredFineGoodAmazingExcellent (3 votes, average: 6.67 out of 5)
Loading...
The Kingdom of the Winds ( 2008 )

The Kingdom of the Winds ( 2008 )

ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေရော , ပရိသတ်မဟုတ်တဲ့သူတွေရော ဂျူမုံ ဆိုတဲ့ အသံကြားလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက်က စွဲစွဲမြဲမြဲနှစ်ခြိုက်ကြဖူးလောက်မှာပါနော် …

ကျွန်တော်လဲ အဲ့ လူ ၉၀ တည်းက တစ်ယောက်အပါအဝင်ပေါ့ … ငယ်ငယ်က မြန်မာ့အသံတို့ မြဝတီတို့ ရုပ်သံနှစ်လိုင်းလောက်ပဲ လူကြည့်များချိန်မှာ မြဝတီ က ” ရာဇဝင်တွင်တဲ့ သူရဲကောင်း ” ဆိုပြီး လွှင့်ခဲ့တဲ့ ဇာတ်ကားလေးပါ ….

အဲ့တုန်းက အခုလို မီးတွေကလဲ ပုံမှန်မရ ( အခုလဲ ပျက်ဆဲပါပဲ :3 ) … တနေ့ကို ၆ နာရီလောက်ပဲ ပေးတဲ့အချိန် ဂျူမုံ လာတယ့်နေ့ ကိုယ့်ရပ်ကွက်မှာ မီးမလာတဲ့နေ့ဆို သေပြီဆရာပဲ … လက်ဖက်ရည်ဆိုင်မှာတောင် သွားထိုင်ကြည့်ဖူးတဲ့ ရက်စွဲတွေရှိခဲ့ရလောက်အောင်ကို သဘောကျခဲ့ဖူးပါတယ် …

အခုတင်ဆက်မယ့် ဇာတ်လမ်းတွဲကတော့ မြဝတီ က ထုတ်လွှင့်ခဲ့ဖူးတယ့် ” ရာဇဝင်တွင်မယ့်သူရဲကောင်း ” ပြသပြီးနောက် နောက်ထပ် ထွက်ရှိလာတဲ့ မြန်မာနာမည် ” လေဟုန်ခွင်းမယ့် သူရဲကောင်း ” ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားလေးပါ …

ရာဇဝင်တွင်မယ့်သူရဲကောင်းမှာ ပရိသတ် တွေရဲ့ အသဲကျော်ဖြစ်ခဲ့ ဂျူမုံ မင်းသားရဲ့ မြေးဖြစ်သူ မူယယ် ရဲ့ ဇာတ်ကြောင်းလေးပါ …

ဒီဇာတ်လမ်းမှာဆိုရင်ဖြင့် မူယယ် နေရာကို ဂျူမုံမင်းသားကပဲ ပြန်လည်သရုပ်ဆောင်ထားပါတယ် …

အားလုံးလည်း ဇာတ်လမ်းကို ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယုံတာကြောင့် အတိုးချုံးပဲ ရှင်းပြပေးလိုက်မယ်နော် …

မူယယ် က အလွန်တရာကို ဆိုးလှတဲ့ကံကြမ္မာနဲ့မွေးဖွားလာခဲ့တဲ့ကလေးတယောက်ဖြစ်ပါတယ် … မူယယ် မွေးလာခဲ့ရင် သူ့အဖေ နဲ့ သူ့ရဲ့ညီအကို ဆွေမျိုးသားချင်းတွေရော ဘူယော တိုင်းပြည်ကြီးပါ အလွန်တရားဆိုးရွားလှတဲ့ကပ်ဆိုး … ဘေးအန္တရာယ်ကျရောက်မယ် ဆိုတာကို မင်းကြီးယူရီက နတ်ဆရာမထံမှ သိခဲ့ရတယ် …

ဒါ့ကြောင့်မို့ မိုးနတ်မင်းရဲ့ ဒေါသမီးကို ငြိမ်းသတ်ဖို့ဆိုပြီး မွေးကင်းစအရွယ်သာရှိသေးတဲ့ မူယယ် လေးကို စတေးစေပါတယ် … အဲ့လိုအခြေအနေမျိုးမှာ ဖခင်တယောက်အနေနဲ့ ကိုယ့်သားကိုမသတ်ဝံ့တော့ ဘယ်သူမှမသိအောင်သတ်ချင်ယောင်ဆောင်ခဲ့ပါတယ် …

အဲ့နောက် ဟယ်အာ ဆိုတဲ့အမျိုးသမီးထံမှာ မူယယ် ကို နှစ်၂၀လုံးသာမာန်လူအဖြစ် ရှင်သန်စေခဲ့တယ် … အဲ့လိုနဲ့ အသက်အရွယ်တစ်ခုရလာတော့ မူယယ် ရဲ့ အကိုရင်းဖြစ်သူ ဟဲမြောင်မင်းသားဆီမှာလဲ မူယယ် က တာဝန်သွားထမ်းဆောင်ခဲ့တယ် …

ဟဲမြောင် က ညီအကိုတွေမှန်းသိခဲ့တယ် … အခြေအနေအမျိုးမျိုးကြောင့် ဟဲမြောင်မင်းသားသေဆုံးခဲ့ရတယ် … ဟဲမြောင်သေဆုံးရတာ ဘုရင်ယူရီကြောင့်လို့ ယုံကြည်မိလိုက်တဲ့ မူယယ် ဟာ လက်စားချေဖို့ ဘုရင်ယူရီဆီမှာ အခစားဝင်ခဲ့တယ် …

အဲ့လိုနဲ့ပဲ မူယယ် က ယူရီ ကို အဖေအရင်းမှန်းသိပြီး သူကမင်းသားတပါးဆိုတာ သိရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ?

မိသားစုကိစ္စတင်မဟုတ် ကိုရီးယားနန်းတွင်းကားတွေရဲ့ ထုံးစံအတိုင်း နန်းတွင်း ပြသာနာ တွေရယ် … မင်းသားဖြစ်သူ ကြိုက်တဲ့ ကောင်မလေးက တစ်ဖက်ရန်သူနိုင်ငံက မင်းသမီးကလဲ ဖြစ်နေတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦးနော် …

Rating အရလဲ IMDb မှာ 7.8/10 , Viki မှာ 9.5/10 နှင့် MyDramaList မှာ 8.2/10 အသီးသီးရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ …

 

Translators : Pluviophile , Kiya , ^Amy ^ , Kiddo , Sandar Lwin , May Phyu Zin , Elvis
Encoder : Ziven
Quality : 720p HDTV
File Size : 600 MB

 

 

DOWNLOAD FOR MEGA UP

Episode 01   Episode 02   Episode 03   Episode 04   Episode 05   Episode 06   Episode 07   Episode 08   Episode 09   Episode 10   Episode 11   Episode 12   Episode 13   Episode 14   Episode 15   Episode 16   Episode 17   Episode 18   Episode 19   Episode 20   Episode 21   Episode 22   Episode 23   Episode 24   Episode 25   Episode 26   Episode 27   Episode 28   Episode 29   Episode 30   Episode 31   Episode 32   Episode 33   Episode 34   Episode 35   Episode 36

 

 

DOWNLOAD FOR SOLID DRIVE

Episode 01   Episode 02   Episode 03   Episode 04   Episode 05   Episode 06   Episode 07   Episode 08   Episode 09   Episode 10   Episode 11   Episode 12   Episode 13   Episode 14   Episode 15   Episode 16   Episode 17   Episode 18   Episode 19   Episode 20   Episode 21   Episode 22   Episode 23   Episode 24   Episode 25   Episode 26   Episode 27   Episode 28   Episode 29   Episode 30  Episode 31   Episode 32   Episode 33   Episode 34   Episode 35   Episode 36

 

 

 

= = = = = THE END = = = = =

 

 

 

The Kingdom of the Winds ( 2008 )
The Kingdom of the Winds ( 2008 )
The Kingdom of the Winds ( 2008 )
The Kingdom of the Winds ( 2008 )
The Kingdom of the Winds ( 2008 )