7.33
BoredFineGoodAmazingExcellent (3 votes, average: 7.33 out of 5)
Loading...
Iljimae ( 2008 )

Iljimae ( 2008 )

အီဂျီမဲ လို့ လူသိများပြီး ပန်းချယ်​ရီကလဲ့စား နာမည်ဖြင့် ကိုတွေ ငယ်ငယ်တုန်းက မြဝတီ မှာ လွှင့်ခဲ့ဖူးပါတယ် … အီဂျီမဲ လို့ဆိုလိုက်​ရင်​​တော့ Korean Drama Crazy ​တွေအတွက်​ သိပ်​စိမ်းမယ်​မထင်​ပါဘူး … ဒါ​ပေမဲ့လဲ မကြည့်​ရ​သေးတဲ့သူ​တွေအတွက်​​ရော ထွက်​ထားတာကြာပြီမို့လို့ ပြန်​ကြည့်​ချင်​တယ်​ဆိုတဲ့သူ​တွေအတွက်​​ရော နန်းတွင်းကားကို ​ပေါ့​ပေါ့ပါးပါးကြည့်​ချင်​တယ်​ဆိုတဲ့သူ​တွေအတွက်​​ရော ဒီဇာတ်​ကား​လေးကို မိတ်​ဆက်​​ပေးချင်​ပါတယ်​ …

အီဂျီမဲ ဆိုတာက​တော့ သမိုင်း​​ကြောင်း​နောက်​ခံ ရုပ်​ရှင်​တစ်​ခုဖြစ်​ပြီး Lee Joon-gi က ဇာတ်​​ဆောင်​မင်းသားအ​နေနဲ့ ပါဝင်​ရိုက်​ကူးထားတာဖြစ်​ပါတယ်​ … ဒီဇာတ်​လမ်းထဲမှာ ယုံယီ ( Lee Joon-gi ) ဟာ သူ့မိသားစုနဲ့ သူ့ပတ်​၀န်းကျင်​မှာ အမြဲတမ်း ပြသနာ လိုက်ရှာ​နေတဲ့ အရှုပ်​ထုတ်​​လေးတစ်​​ယောက်​လို ဖြစ်​​နေ​ပေမဲ့ တကယ့်​တကယ်​​တော့ သူ့မှာ လျှို့ဝှက်​ထားတဲ့ သရုပ်​မှန်​တစ်​ခုရှိ​နေပါတယ်​ … ဒါက​တော့ ချမ်းသာကြွယ်​၀ပြီး လူမဆန်​တဲ့သူ​တွေဆီက စည်းစိမ်​ဥစ္စာ​တွေကို လိုက်​ခိုးယူပြီး ဆင်းရဲနွမ်းပါးတဲ့သူ​တွေကို ပြန်​​ပေးတဲ့ အီဂျီမဲဆိုတဲ့ မျက်​နှာဖုံးတပ်​ သူရဲ​ကောင်းပဲဖြစ်​ပါတယ်​ … ဒါ​ပေမဲ့လဲ ကိုရီးယားနန်းတွင်းကား​တွေရဲ့ ထုံးစံအတိုင်း ထင်​သ​လောက်​​တော့ မရိုးရှင်းပါဘူး … သူဟာ လွန်​ခဲ့တဲ့ နှစ်​​ပေါင်းများစွာက ​သေဆုံးသွားခဲ့တဲ့ သူ့​အ​ဖေရဲ့ ​နောက်​ကွယ်​ကဖြစ်​ရပ်​မှန်​ကို ပြန်​လည်​​ဖော်​ထုတ်​ဖို့ကြိုးစား​နေတာဖြစ်​ပြီး လူ​တွေကိုကူညီတာက​တော့ ​စေတနာသက်​သက်​ပဲဖြစ်​ပါတယ်​ …

အီဂျီမဲဟာ ၂၀၀၈ ခုနှစ်​ကထွက်​ရှိခဲ့တဲ့ ဇာတ်​ကားတစ်​ကားဖြစ်​ပြီး ​အောင်​မြင်​မှု​တွေအများကြီးရရှိခဲ့တာဖြစ်​ပါတယ်​ … ကိုယ်​တိုင်​လဲ နန်းတွင်းရုပ်​ရှင်​​တွေ အများကြီးကြည့်​ဖူးခဲ့​ပေမဲ့ ဒီရုပ်​ရှင်​က​တော့ ​တော်​​တော်​​ရှေးကျတယ်​လို့ ​ပြောလို့ရပါတယ်​ … ပုံမှန်​အားဖြင့်​ သမိုင်း​ကြောင်း​နောက်​ခံ ရုပ်​ရှင်​​တွေဟာ အချိန်​​​တွေအကြာကြီးဆွဲကြည့်​ရ​တာ​ကြောင့်​ ​တော်​ရုံတန်​ရုံမကြည့်​ဖြစ်​ကြ​ပေမဲ့ ဒီ အီဂျီမဲ​ဇာတ်​ကား​လေးက​တော့ ​ပေါ့​ပေါ့ပါးပါးနဲ့ ဇာတ်​ကို​ပုံ​ဖော်​ထားတာ​ကြောင့်​ ကြည့်​ရတာ ပျင်းရိချိန်​​တောင်​ မရပါဘူး … ဟာသ​ရော အချစ်​ အလွမ်း​တွေပါ ပါဝင်​ပြီး အက်​ရှင်​ကြိုက်​တဲ့သူ​တွေအတွက်​ပါ အဆင်​​ပြေတာမို့ ကြည့်​သင့်​တဲ့ကား​လေးတစ်​ကားလို့ ညွှန်းဆို​ပေးချင်​ပါတယ်​ …

အဓိက သရုပ်ဆောင်တွေဖြစ် အမျိုးသမီးထုကြီးရဲ့ အသဲစွဲဖြစ်တဲ့ Lee Joon-gi နှင့်အတူ W-Two Worlds ဇာတ်လမ်းထဲမှ မင်းသမီး Han Hyo-joo တို့က တွဲဖက် ပါဝင်ထားပါတယ် …

Rating အနေနဲ့ကြည့်မယ်ဆိုရင် IMDb မှာ 8.2/10 နှင့် MyDramaList မှာ 8.5/10 အသီးသီး ရရှိထားတဲ့ Rating မြင့် Korea ဇာတ်လမ်းတွဲတစ်ပုဒ်ပါ …

 

 

Translators : TML, Htar Ei Hlaing, Tin Yadanar Wynn, DeViL & May Hnin Soe
Encoder : Ziven
Quality : HDTV 720p
File Size : 600 MB

 

DOWNLOAD FOR MEGA UP

Episode 01 Episode 02  Episode 03 Episode 04   Episode 05 Episode 06 Episode 07  Episode 08 Episode 09   Episode 10   Episode 11 Episode 12  Episode 13 Episode 14   Episode 15 Episode 16 Episode 17  Episode 18 Episode 19   Episode 20

 

 

DOWNLOAD FOR SOLID DRIVE

Episode 01 Episode 02  Episode 03 Episode 04   Episode 05 Episode 06 Episode 07  Episode 08 Episode 09   Episode 10   Episode 11 Episode 12  Episode 13 Episode 14   Episode 15 Episode 16 Episode 17  Episode 18 Episode 19   Episode 20

 

 

DOWNLOAD FOR GOOGLE-DRIVE

Episode 01 Episode 02  Episode 03 Episode 04   Episode 05 Episode 06 Episode 07  Episode 08 Episode 09   Episode 10   Episode 11 Episode 12  Episode 13 Episode 14   Episode 15 Episode 16 Episode 17  Episode 18 Episode 19   Episode 20

 

 

= = = = = COMPLETED = = = = =

 

 

Iljimae ( 2008 )
Iljimae ( 2008 )
Iljimae ( 2008 )