မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    Saving General Yang ( 2013 )

    Saving General Yang ( 2013 )

    စစ်သည်တော် မြင်းသည်တော်တွေနဲ့ ဓားတွေ လှံတွေ ကိုင်ဆွဲပြီး စစ်ပွဲဖြစ်ပုံကို ရိုက်ပြတဲ့အထဲမှာ တရုတ်တွေရဲ့ ရိုက်ပြကွက်တွေကတော့ အာရှနိုင်ငံတွေထဲမှာ အံ့မခန်းပါပဲ … အခုတခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားကလဲ 2013 ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ Saving General Yang ဆိုတဲ့ ဇာတ်ကားပါ …

    ဒီဇာတ်ကားဟာ စစ်သူကြီးရန် မိသားစုရဲ့ ဒဏ္ဍာရီကို အခြေခံပြီ ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပြီး ဒါရိုက်တာကြီး Ronny Yu က အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ် … ဒါ့အပြင် 2013 ခုနှစ် Hong Kong Film Festival မှာ ရွေးချယ်ခြင်း ခံခဲ့ရတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ် …

    ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် – အေဒီ ၉၈၆ ကာလမှာ စုန့်အင်ပါယာ ဟာ ချီတန်အင်ပါယာရဲ့ ခြိမ်းခြောက်ခြင်းကို ခံနေခဲ့ရပါတယ် … ထိုအချိန်မှာပဲ မင်းသမီးချိုင် ကို လက်ထပ်ယူစေဖို့ ယှဉ်ပြိုင်ပွဲတစ်ခုကို အမတ်ကြီးဖန်ရဲ့ အကြံဖြင့် ကျင်းပဖြစ်ခဲ့ပါတယ် … ထိုယှဉ်ပြိုင်ပွဲမှာ မမျှော်လင့်ပဲ စစ်သူကြီးရဲ့ အငယ်ဆုံး သတ္တမြောက်သားဖြစ်တဲ့ ရန်ဆစ် ရဲ့ လက်ချက်နဲ့ အမတ်ကြီးဖန်ရဲ့ သားဖြစ်သူ ဖန်ပေါင် ဟာ သေဆုံးခဲ့ရပါတယ် …

    အဲ့နောက်မှာ ချီတန် တွေကို ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် စီစဉ်ရာမှာ သူ့သားဖြစ်သူ သေဆုံးမှုကို အကြောင်းပြပြီး စစ်တပ်ကို ဦးစီးဖို့အတွက် စစ်သူကြီးရန် ရဲ့ စစ်သူကြီးနေရာကို ဘုရင့်ထံမှာ တောင်းဆိုပါတယ် … ဘုရင်ကလဲ လက်ခံခဲ့ပြီး စစ်သူကြီးရန် ကို ရှေ့တန်းတပ်မှူးအဖြစ် တိုက်ပွဲဝင်စေခဲ့ပါတယ် …

    စစ်ပွဲထဲရောက်တော့ ချီတန်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီး စစ်သူကြီးဖြစ်တဲ့ အမတ်ကြီးဖန်ဟာ စစ်သူကြီးရန်ယဲ ကို မကယ်ဆယ်တော့ပဲ တပ်ဆုတ်ခဲ့ပါတယ် … အဲ့နောက်မှာတော့ စစ်သူကြီးရန် ဟာ ဝံပုလွေတောင်တန်းမှာ ပိတ်မိနေခဲ့ပြီး သူရဲ့သား(၇) ယောက်က အဖေဖြစ်သူကို လာကယ်ဖို့ ကြမ္မာဖန်ခဲ့ပါတယ် …

    အဲ့နောက်မှာတော့ သား(၇) ယောက်ဟာ ဖခင်ဖြစ်သူကို ဘယ်လိုကယ်တင်ကြမလဲ … ချီတန်တပ်တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကို ကြည့်ရှုသူအပေါင်း ရင်တမမ ဖြစ်စေမယ့် ရိုက်ချက်တွေနဲ့အတူ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် …

    Rating အရ IMDb မှာ 6.4/10 ရရှိထားပြီး MyDramaList မှာတော့ 7.8/10 ရရှိထားပါတယ် …

     

    Translator : Ziven
    Encoder : Ziven
    Quality : Blu-ray 1080p 5.1 CH

     

     

    Duration: 1h 42min

    Quality: Blu-ray 1080p 5.1 CH

    Release:

    PZetLV7i6Fc

    IMDb: 6.4

    Saving General Yang ( 2013 )
    Saving General Yang ( 2013 )
    Saving General Yang ( 2013 )