မြန်မာစာတမ်းထိုးဇာတ်ကားများ မပြတ်တမ်းကြည့်ရှုရန် Myanmar Asian TV Page လေးကို Like နှိပ်ပြီး See First လုပ်ထားနော်...
    0
    BoredFineGoodAmazingExcellent (No Ratings Yet)
    Loading...
    Bonnie & Clyde ( 2013 )

    Bonnie & Clyde ( 2013 )

    Bonnie and Clyde ဆိုတဲ့ နာမည်ကို ကြားဖူးသူတွေ ရှိကြမယ်တော့ ထင်ပါတယ် … ဟုတ်ပါတယ် villain couple တွေကြားမှာ ထင်ရှားတဲ့ couple အဖြစ် နာမည်ကြီးခဲ့ပါတယ် … superhero universe တစ်ခုဖြစ်တဲ့ DC က Joker နဲ့ Harley Quinn ပြီးရင် နောက်ထပ်လူသိများကျတဲ့ villain စုံတွဲပါ … ဒါပေမဲ့ Bonnie နဲ့ Clyde ကတော့ Fiction တစ်ခုမဟုတ်ဘဲ တကယ် တည်ရှိခဲ့တဲ့ အဖြစ်အပျက်ပါ …

    လူတွေကို ဓားပြတိုက် သတ်ဖြတ် , ဘဏ်တွေကို ဝင်ဖောက် စတဲ့ ဒုစရိုက်မျိုးစုံတွေကို တက်ညီလက်ညီလုပ်ပြီး နှစ်ယောက်သားအတူတူပဲ ပွဲချင်းသေဆုံးခဲ့ရတဲ့ စုံတွဲတစ်တွဲပါ …

    ယခုဇာတ်ကားလေးကတော့ သူတို့အကြောင်းကို ပြန်လည်ရိုက်ကူးထားပြီး 2013 ခုနှစ်မှာ A&E Network က အပိုင်း ၂ ပိုင်းဖြင့် ထုတ်လွှင့်ပြသခဲ့တဲ့ Mini Series လေးတစ်ခုပါ … ဒါပေမဲ့ ယခုတင်တာတော့ ၂ ပိုင်းစာကို ပေါင်းပြီး Movie တစ်ခုအနေနဲ့ပဲ တင်လိုက်ပါတယ် … စုစုပေါင်းကြာမြင့်ချိန်က ၃ နာရီ နီးပါးကြာမြင့်ပါတယ် …

    တောရွာလေးမှာ ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာတဲ့ Clyde ဟာ မြောင်းဖော်လယ်စိုက် , သူများလယ်မှာနေ့စားလုပ်ရတဲ့၊ ကားတွေကိုအရမ်းရူးသွပ်တဲ့ Clyde ရဲ့ဘဝဟာ Bonnie Parker ဆိုတဲ့ကောင်မလေးနဲ့တွေ့တဲ့အချိန်မှာစတင်ပြောင်းလဲသွားပါတယ် …

    Bonnie နဲ့ Clyde ဟာ Bonnie ရဲ့ မင်္ဂလာပွဲအပြီး ယောကျာ်းနဲ့ခရီးထွက်လာတဲ့အချိန်မှာစတွေ့ပါတယ် … အမှန်တော့ Clyde ဟာ Bonnie ကို သူကလေးဘဝအိမ်မက်ထဲမှာထဲက တွေ့ခဲ့တာပါ … Clyde ငယ်စဉ်က အမည်မတပ်နိုင်တဲ့အဖျားရောဂါရခဲ့ပါတယ် … သေလုနီးပါးဖြစ်ပြီး မြောနေတဲ့အချိန်မှာ ကယောင်ကတမ်းအိမ်မက်တွေ မက်ပါတယ် … အိမ်မက်ထဲမှာအရမ်းလှတဲ့အမျိုးသမီးက သူ့ကိုစောင့်နေမယ်လို့ပြောပါတယ် … အဲဒီအမျိုးသမီးဟာ Bonnie ပါပဲ …

    သူတို့နှစ်ဦးအပြင်မှာ တွေ့ဆုံပြီးတဲ့အခါမှာတော့ ကလိုက်ဟာသူတစ်ဘဝလုံး ရှာနေခဲ့တဲ့ အမျိုးသမီးဟာ Bonnie ပဲလို့ သိသွားပြီး ချဉ်းကပ်ဖို့ကြိုးစားပါတော့တယ် … Bonnie ကတော့ နာမည်ကျော်ကြားမှုကို အရမ်းမက်တဲ့ကောင်မလေးတစ်ယောက်ပါ … အမေနဲ့တူတူကြီးပြင်းလာပြီး သူမအိမ်မက်ကတော့ ပြဇာတ်မင်းသမီးဖြစ်ဖို့ပါ …

    နောက်ပိုင်းကျတော့ ချမ်းသာအောင်မြင်ပြီး အကောင်းဆုံးတွေပဲမက်တဲ့ Bonnie နဲ့ သူမဆန္ဒဆိုရင် ဘာဖြစ်ဖြစ်ဖြည့်ဆည်းပေးချင်တဲ့ Clyde တို့နှစ်ဦး ဘယ်လိုတွေ့ဆုံပြီး လက်တွဲကြမလဲ? ဘယ်လိုစပြီး မကောင်းမှုတွေကိုကျုးလွန်ကြမလဲ? သူတို့ဘဝ ဘယ်လိုအဆုံးသတ်သွားမလဲ ? ဆိုတာ သံဝေဂရစရာတွေနဲ့ ကြည့်ရမယ့် ဖြစ်ရပ်မှန် သမိုင်းနောက်ခံ ဒုစရိုက်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် ….

    Clyde Barrow နေရာမှာတော့ Emile Hirsch က ပါဝင်ထားပြီး Bonnie Parker နေရာမှာတော့ Holliday Grainger က ပါဝင်ထားပါတယ် …

     

    Translator : Su Latt
    Encoder : Ziven
    Quality : 720p Blu-ray
    File Size : 1.5 GB

     

     

    Duration: 240 min

    Quality: Blu-ray 720p

    Release:

    IMDb: 6.5

    Bonnie & Clyde ( 2013 )
    Bonnie & Clyde ( 2013 )
    Bonnie & Clyde ( 2013 )
    Bonnie & Clyde ( 2013 )
    Bonnie & Clyde ( 2013 )